နမ့်ခမ်း ဇွန် ၁၄
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက်ပိုင်း ၉ နာရီအချိန် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံး အစည်းအဝေးခန်းမ၌ COVID-19 ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့လာသည့် COVID-19 ရောဂါကာကွယ်ဆေးကို နမ့်ခမ်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ အား ၁၄-၆-၂၀၂၁ ရက်နေ့မှ ၁၅-၆-၂၀၂၁ ရက်နေ့အထိ နံနက်(၉)နာရီမှ နေ့လည် (၁)နာရီအချိန်ထိ ပထမအကြိမ် ထိုးနှံပေးသည်။
COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လာရောက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)