သံတောင်ကြီးမြို့နယ်တွင် ဒေသထွက်ထွက်သီးနှံဖြစ်သည့်ဒညင်းသီး ယခင်နှစ်ထက် အထွက်နှုန်း အနည်းငယ်ကျဆင်း

သံတောင်ကြီး           ဇွန်   ၁၉

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊  သံတောင်ကြီးမြို့နယ်သည်  တော်ပေါ်ဒေသဖြစ်ပြီး   ဒေသခံ ပြည်သူများ၏   အသက်မွေးဝမ်းကျောင်းမှာ  အများအားဖြင့်   ဥယျဉ်ခြံလုပ်ငန်းကို  လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်ရာသီပေါ်သီးနှံဖြစ်သည့်  ဒညင်းသီးသည်    အဓိကစိုက်ပျိုးသည့်သီးနှံ‌ဖြစ်ပြီး ယခင်နှစ်ထက်  အထွက်နှုန်းအနည်းငယ်ကျဆင်း  ခဲ့ကြောင်း သိရသည်။

“ယခုနှစ်မှာ   ဒညင်းသီးအထွက်နှုန်းကတော့   ယခင်နှစ်ထက်   အနည်းငယ်ကျဆင်းပါတယ်  ရာသီဥတုအခြေအနေကြောင့်  လို့ထင်တယ်။ ဒီနှစ်ကအရမ်းပူတဲ့အတွက်ပါ။     ဒညင်းသီး စျေးနှုန်းက    စပေါ်တဲ့မေလလောက်မှာ   တစ်ပုံး(၈-ပြည်)ဆိုရင်  ကျပ်(၂၀၀၀၀)အထိရပေမယ့်    အခုအချိန်ကျတော့ ကျပ် (၁၃၀၀၀)သာရရှိပြီး   တောင်ငူမြို့ကိုတင်ပို့ရောင်းချပါတယ်”ဟု ဒညင်း သီးစိုက်ပျိုး လုပ်ကိုင်သူ တောင်သူတစ်ဦး  ထံကသိရှိရသည်။

အဆိုပါ   ဒညင်းပင်ကို   သံတောင်ကြီးမြို့နယ်အတွင်းရှိ    သံတောင်ကြီးမြို့   ၊ သံတောင်မြို့၊ လိပ်သိုမြို့နှင့် ဘောဂလိမြို့ များတွင်    အဓိကစိုက်ပျိုးသောနှစ်ရှည်ပင်ဖြစ်ပြီး     မေလဒုတိယပတ် မှစတင်ကာရင့် သည့် အသီးများကို  ဆွတ်ခူးရောင်းချလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)