တီးတိန် ဇွန် ၂၂
ချင်းပြည်နယ် တီးတိန်မြို့၌ သက်ဆိုင်ရာဌာနများ၊ မြို့မိမြို့ဖများ၊ လူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိလူနာများအား COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့မ Cope Centennial Jubilee Hall (C CJ HALL)၌ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် စုစုပေါင်း(၁၀၁)ဦးအား စစ်ဆေးရာ(၄၅)ဦး၌ COVID-19 ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ COVID-9 ပိုးတွေ့လူနာများမှာ အမျိုးသား(၂၇)ဦးနှင့် အမျိုးသမီး(၁၈)ဦးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)