ထန်တလန် ဇွန် ၂၂
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ(၄၀)ဦးအား စစ်ဆေးခဲ့ရာ ကျား(၁)ဦး၊ မ(၂)ဦး၊ စုစုပေါင်း(၃)ဦးမှာ ကိုဗစ်-၁၉ရောဂါ positive ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ positive လူနာများအား အခြားသူများနှင့် ထိတွေ့မှုမရှိစေဘဲ ၎င်းတို့၏ နေအိမ်၌ Home Quatantine ထားရှိကာ ၎င်းနေအိမ်များအား အသွားအလာ ကန့်သတ်ထားရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထန်တလန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ စစ်ဆေးခြင်းကို ဇွန်လ(၁၇)ရက်နေ့နှင့် ယနေ့ ဇွန် ၂၂ ရက်နေ့တွင် ရောဂါစစ်ဆေးမှုခံယူသူ(၆၀)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၁)ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)