အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ ဆောင်းပါးဖြင့် စာအုပ်မိတ်ဆက်ခြင်းဆောင်ရွက်

မန့်ဟီးရိုး  ဇွန်  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာဖတ်သူများအတွက် ရသ စာပေများကောင်းများကို ရွေးချယ်ပြီး ဖတ်နိုင်စေရန်နှင့်  စာဖတ်ခြင်းဖြင့် အသိပညာများတိုးပွား လာစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                                                      

အာရောဂျံမဂ္ဂဇင်းထဲတွင် ပညာပေးဆောင်းပါးများကိုလစဉ်ရေးသားနေသည့် စာရေးဆရာ မဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)၏ အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင်  ကာကွယ်ရမည့်နည်းလမ်းများဖြစ်သော အာရုံခံစားမှုကို အသုံးချပါ၊ ဦးနှောက်သုံးရမည့်အလုပ် တွေကိုလုပ်ပါ၊ အတွေ့အကြုံသစ်တွေကို ရှာဖွေစည်းပူးပါ၊ ငြိမ်းချမ်းမှုကိုရှာဖွေပါ၊ အလုပ်မျိုးစုံကို တစ်ပြိုင်တည်းမလုပ်ပါနဲ့၊ အစားအစာရွေးစားပါ၊ မြေထဲပင်လယ်စာများစားသုံးပေးပါ၊ သွေးဖိအား ကိုပုံမှန်တိုင်းပါ၊ ပုံမှန်လမ်းလျှောက်ပါစသည့် အချက်များအပြင် စားသောက်ရမည့်အစားအစာ များနှင့် နေ့စဉ်လမ်းလျှောက်ရမည့်အချက်များကို မိတ်ဆက်ပေးခဲ့ကြောင်းနှင့် ယနေ့အသက် ၂၄ နှစ်မှ ၈၀နှစ်အတွင်း အဖြစ်များလာသည့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်ရေးအတွက် ယခုလိုစာအုပ်မိတ်ဆက်ခြင်းကဏ္ဍတွင် ထည့်သွင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့ဦးစီးမှူး ဒေါ်စန္ဒာဝင်းထံမှသိရသည်။

စန္ဒာ