မချမ်းဘော ဇွန် ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံနှံမှု ကင်းဝေးစေရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၆ အချိန်က မြို့မစျေးရှေ့လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေး စျေးရောင်း စျေးဝယ်သူများနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအား Mask Campaign ခုရေ(၃၀၀)ခန့်နှင့် ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)