ချီဖွေ ဇွန် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာန တို့ပူးပေါင်း၍ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၆ နာရီအချိန်က မြို့နယ် စည်ပင်သာယာစျေး အတွင်း၌ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေခြင်းကို စည်ပင်သာယာ စျေးအတွင်း စျေးရောင်း၊ စျေးဝယ်ဒေသခံပြည်သူများ၊ ကုန်စိမ်းတန်း၊ အသားတန်း၊ ငါးတန်း စျေးသူ၊ စျေးသားများအား(mask)များ စနစ်တကျ တပ်ဆင်ရေး၊ စနစ်တကျ လက်ဆေးခြင်းနှင့် မိမိတို့ မိသားစု အပါအဝင် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ရောဂါကူးစက် ခံရမှုမရှိစေရေးအတွက် အလေးထား လိုက်နာ ဆောင်ရွက်ပေးကြပါရန် စျေးအတွင်းနေ့စဉ် စည်ပင်ဝန်ထမ်းများက အရှိန်အဟုန်မြှင့် နှိုးဆော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ခြင်းနှင့် (mask)များ အခမဲ့ဖြန့်ဝေခြင်းကို ချီဖွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဇောင်းရယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးမြင့်နှင့် ဝန်ထမ်းတို့က စျေးသူ၊ စျေးသားများအား ပါးစပ်နှာခေါင်းစည်း (Mask)များကို မဖြစ်မနေတပ်ဆင် ရောင်းဝယ်ရေး အသိပညာပေးခြင်းနှင့် (mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး ကာလပြီးပါက နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း(mask)မတပ်ဆင်သူများကို ဒဏ်ငွေတပ် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်ထွေး ထံမှသိရသည်။
ချီဖွေ(ပြန်/ဆက်)