ဟားခါး ဇူလိုင် ၆
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၅ ရက်နေ့က ဒေသခံပြည်သူ (၂၂၅)ဦး Test Kid ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ (၃၅) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့တွင် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ပိုးတွေ့ လူနာ(၁၃၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
ယနေ့စစ်ဆေးတွေ့ရှိသည့် ပိုးတွေ့လူနာများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၂၃)ဦး၊ တိုင်းရင်း ဆေးရုံတွင်(၁၂)ဦး ကုသပေး လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)