ကာမိုင်းမြို့ စည်ပင်သာယာစျေးရှေ့နှင့် မြို့လယ်တြိဂံလမ်းဆုံ၌ Mask Campaign လှုပ်ရှားဆောင်ရွက်

ကာမိုင်း ဇူလိုင် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ စည်ပင်သာယာစျေးရှေ့၌ စျေးသို့ လာရောက်သည့် ပြည်သူများနှင့် မြို့လယ်တြိဂံလမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးအနေဖြင့် အသိပညာပေး ဆောင်ရွက်ခြင်းနှင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် လူသူအသွားအလာများသော နေရာများဖြစ်သည့် စည်ပင်သာယာ ဈေးရှေ့နှင့် မြို့လယ်တြိဂံ လမ်းမကြီးပေါ်တွင် သွားလာကြသော ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ Mask တပ်ဆင်ရန်၊ ဆောင်ရန်/​ရှောင်ရန်အချက်များကို ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သုဂတိမဂ္ဂလူမှုကူညီရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

ထို့နောက် ကြက်ခြေနီတပ်ဖွဲဝင်များက တေးသရုပ်ဖော်များဖြင့် အသိပညာပေး ဆောင်ရွက်ကြောင်းနှင့် Mask (၅၀၀)ခုကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)