တနိုင်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တနိုင်း ဇူလိုင် ၁၁

ကချင်ပြည်နယ် တနိုင်းမြို့နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ဆွတ်ငိုင်ရပ်ကွက် သာယာသစ်အပိုင်းရှိ အမက သာယာသစ် ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း(၆၀)၊ မန်ဂျန်ရှား(၇၀)၊ ပျဉ်းကတိုး(၅၀)၊ ပိတောက်(၁၀)ပင်၊ မျောက်ငို(၁၂)ပင်၊ ချယ်ရီ(၁၀)နှင့် တမလန်းပင်(၃)အပင် (၂၁၅)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့် အဖွဲ့ဝင်များ သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံ တောအုပ် ဦးဇော်ဇော်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာ အသင်းဝင်များ၊ ဆွတ်ငိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ စုစုပေါင်း (၄၅)ဦး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)