တနိုင်း ဇူလိုင် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပိုမိုသိရှိစေရန် ရည်ရွယ်၍ Mask Campaign နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၉ ရက်နေ့ ညနေ (၄)နာရီ အချိန်မှစ၍ တနိုင်းမြို့မရဲစခန်းရှေ့၊ မိုင်းခွန်သွားလမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ရဲစခန်းရှေ့ မိုင်းခွန်သွားလမ်းထောင့်တွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ ဗိုလ်မှူး တေဇာအောင် မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်ဝါဦး၊ စက်မှူလယ်ယာဦးစီးမှူး ဦးထွန်းအောင်ကျော်၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးနှင့် မိခင်နှင့်ကလေး အဖွဲ့ဝင်များ စုပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များခုရေ(၇၅၀) အခမဲ့ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)