မချမ်းဘော့ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ စစ်ဆေးရေးဂိတ် နေရာနှစ်နေရာ ဖြစ်သည့် မလိခ (မချမ်းဘော့)တံတားဂိတ်နှင့် ကောင်းမှုလုံတံတားဂိတ်တွင် ပူးပေါင်းတာ၀န် ထမ်းဆောင်သည့် အဖွဲ့အစည်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ Maskများ ပေးအပ်ခြင်းနှင့် Hospital Quarantine ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက ကွင်းဆင်း စစ်ဆေး ခဲ့ကြသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မချမ်းဘောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ယုယုကျော်တို့က ပူးပေါင်းစစ်ဆေးဂိတ်တွင် တာ၀န်ကျသောသူများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီတပ်ဖွဲ့၀င်များအား ညနေစာအဖြစ် ကြာဇံကြော်၊ အအေးဗူးများနှင့် ကျောက်ကျောများစသည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မချမ်းဘောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်သည်အဖွဲ့၀င်များ လိုက်ပါလျက် မချမ်းဘောမြို့နယ်အတွင်းသို့ အခြားသော ပြည်တွင်းပြည်ပမှ ရောက်ရှိလာမည့်သူများအား Hospital Quarantine အဖြစ်ထားရှိနိုင်ရေးအတွက် ထရန်ဒမ်းတိုက်နယ် ဆေးရုံတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ Quarantine Centre ကြီးကြပ်ရေးအဖွဲ့အား မချမ်းဘော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နှာခေါင်းစည်း Maskများ ထောက်ပံပေးအပ်ပြီး Quarantine Centre များတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)