ဒေါ့ဖုန်းယန် ဩဂုတ် ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ယမန်နေ့နံနက် ၁၁ နာရီ ၄၀ မိနစ်က စတင်၍ ကာကွယ်ဆေး Sinopharm (Vero Cell) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာ၌ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ် ကြီးကြပ်၍ ရှေ့တန်းတပ်မတော်ဆေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင် စေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကာကွယ်ဆေးထိုးနှံပေးခဲ့ သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက်၊ ဘာသာရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စျေးသည်များ စုစုပေါင်း(၁၀၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)