တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

တနိုင်း ဩဂုတ် ၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူမျိုးဘာသာမရွေး မြို့နယ်အတွင်း ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာ သန့်ဇင်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm(Vero) အမျိုးအစားဖြစ်ပြီး တနိုင်းမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အလုံးရေ(၆၀)အား လူဦးရေ(၁၂၀)ဦးကို ဆက်လက်ထိုးနှံပေးခြင်းကို တနိုင်းမြို့ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ စုရပ်နေရာသတ်မှတ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက်ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ Volunteer ပရဟိတများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံများ၏ ဝန်ထမ်းများကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်သိရသည်။

၎င်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တနိုင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင်ဗိုလ်မှူး တေဇာအောင်၊ ရပ်မိ/ရပ်ဖ ဦးဇော်လွမ်းတူး၊  ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသန့်ဇင်ဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)