ကျီခါးမြို့၌ အသက်(၆၅)နှစ်အထက်ရှိ မိဘပြည်သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ထိုးနှံပေး 

ကျီခါး     ဩဂုတ်     ၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ရှိ အသက်(၆၅)နှစ်အထက် ရှိမိဘပြည်သူများ၊ကာကွယ်‌ဆေးထိုးနှံရန်ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် Volunteer များအား  သတ်မှတ် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinnopharm)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက စုရပ်ဖြစ်သည့် ကျီခါးမြို့ မိုးလုံလေ လုံအားကစားခန်းမ၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျီခါးမြို့၌ ယနေ့ဩဂုတ်လ(၉)ရက်နေ့   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူ အသက်(၆၅)နှစ် အထက် မိဘပြည်သူ(၂၃)ဦး၊နိုင်ငံ့၀န်ထမ်း(၁)ဦးနှင့်Volunteer/ပရဟိတ(၂)ဦး စုစုပေါင်း(၂၆) ဦးရှိပြီး  ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား မြန်မာဘာသာ/ ဒေသချင်းဘာသာ (၂)မျိုးဖြင့် ရေးသားထုတ်ဝေသည့် ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးကို ဩဂုတ်လ(၁၂)ရက်နေ့ အထိ ကျီခါးမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းသို့ ကျီခါးမြို့ အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ ကျီခါးနယ်မြေရဲစခန်းမှူး ဒုရဲမှူး ၀င်းဗိုလ်၊ ပြန်/ဆက်ဦးစီးမှူး ဦးလိန်းမာန်နှင့်မီးသတ်ဦးစီးမှူး ဦးကမ်းဆွင်းမုန်တို့မှ ကြည့်ရှုအားပေးကူညီခဲ့ကြကြောင်း သိရသည်။ 

 

ဆလိုင်းလိန်းမာန် (Cikha IPRD)