မချမ်းဘော့ စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် ၇ နာရီက မချမ်းဘော့မြို့ စည်ပင်သာယာဈေးတွင် မြန်မာ၊ ကချင်၊ ရ၀မ်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ရေး တို့အတွက် မိမိတို့နေအိမ်အတွင်း၌ သာနေထိုင်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင် မထွက်ကြရန်၊ မဖြစ်မနေအပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များလက်မခံရန်နှင့် မိမိတို့က လည်းအခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ် ခြင်းမပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေး ရှိသည့်နေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာနည်းလမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း မြန်မာ၊ ကချင်၊ ရ၀မ်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ပြီး ဈေးရောင်း၊ ဈေး၀ယ်သူများအား ပါးစပ် နှာခေါင်းစည်း(Mask) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းများ၊Volunteer စေတနာ့ ၀န်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့(ပြန်/ဆက်)