လာအိုနိုင်ငံပြန် ကတ်ဖွီးကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိ

မိုင်းကိုင်    စက်တင်ဘာ    ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ယနေ့နေ့လည်ပိုင်းက Quarantine Center တွင် ဝင်ရောက်နေသော ကတ်ဖွီး ကျေးရွာနေ  ကိုယ်ဝန်ကိုးလ လွယ်ထားသူ  အမျိုးသမီးတစ်ဦးထံတွင်  အတည်ပြုလူနာအဖြစ်  ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါအတည်ပြု လူနာနှင့် ၎င်း၏ခင်ပွန်းသည်  လာအိုနိုင်ငံမှ နေရပ်သို့ ပြန်လာသူများဖြစ်ကြပြီး လွန်ခဲ့သော  စက်တင်ဘာလ ၆ ရက်နေ့က  မိုင်းကိုင်မြို့နယ်သို့  ရောက်ရှိကာ  စောင့်ကြပ်ကြည့်ရှုခံနေရသူ များဖြစ်ကြောင်း၊  ပြန်လည်ရောက်ရှိပြီး  သုံးရက် မြောက်နေ့  ယနေ့နေ့လည်ပိုင်းတွင်  ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများက  သွားရောက်စစ်ဆေးခဲ့ရာ  အသက်  ၂၉ နှစ်အရွယ်  ကိုယ်ဝန်ဆောင်အမျိုးသမီးထံတွင်  ရောဂါပိုး စစ်ဆေးတွေ့ရှိကာ ခင်ပွန်းသည်ထံတွင်  ရောဂါပိုးစစ်ဆေးတွေ့ရှိခြင်း မရှိသဖြင့် ၎င်း၏ PCR ဓာတ်ခွဲနမူနာ ရယူ၍    စောင့်ကြပ်ကြည့်ရှုမှုများ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်၍  မိုင်းကိုင်မြို့နယ်တွင်  ယနေ့ နေ့လည်ပိုင်း  အချိန်အထိ  စစ်ဆေးတွေ့ရှိ  အတည်ပြုလူနာ  ၈၉ ဦး ၊ ယနေ့ ဆေးရုံဆင်းသူ  တစ်ဦး၊ ယနေ့အထိ  ကျန်းမာရေးပြန်လည်ကောင်းမွန်၍  ဆေးရုံဆင်းခွင့်ရသူပေါင်း  ၆၆ ဦး ၊ ဆေးကုသမှုခံယူနေသူ  ၂၃ ဦး  ရှိကြောင်း  ကျန်းမာရေးဌာန၏  သတင်းများအရ  သိရှိရသည်။

မြို့နယ်ပြန်/ဆက်