မြစ်သား သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ (ဒုတိယအကြိမ်) ထောက်ပံ့သော ငွေကျပ်နှစ်သောင်းအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ အမှတ်(၂)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးတို့က အမှာစကားများ ပြောကြားပြီးနောက် ထောက်ပံ့ငွေများကို မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေး အပ်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၉၂) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၃၆၂၃၈) အတွက် တစ်အိမ်ထောင်လျှင် နိုင်ငံတော်မှထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၇၂၄၇၆၀၀၀၀)အား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အဆိုပါအိမ်ထောင်စုများသို့ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)