ဟိုပုံး ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တိလုံကျေးရွာ အုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် နှစ်ရှည်ပင်ဖြစ်သော ထောပတ်စိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ထောပတ်စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။
ထောပတ်စိုက်ပျိုးတောင်သူများသည် ထောပတ်ပျိုးပင်ပေါက်များကို စတင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင် ၁၅ပေခြား၍ စိုက်ပျိုးပြီးသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကျွဲချေးနှင့် သစ်ရွက်မြေဆွေးများကို ထည့်သွင်းအသုံးပြုပြီး ထောပတ်ပင်ကြားတွင်ပြောင်း၊ တောင်ယာ စပါးနှင့် မြေပဲများသီးထပ်သီးညှပ်စိုက်ပျိုးကြကြောင်း၊ ထောပတ်ပင်တစ်ပင်သည်၆နှစ်သားတွင် အသီးများ စတင်၍ထွက်ရှိကြောင်းနှင့် ထောပတ်သီးများကို လာရောက်ဝယ်ယူသူများက ကျေးရွာ အရောက် ထောပတ်သီးများကို အပင်ပြတ်ဝယ်ယူကြပြီး ထောပတ်ပင်တစ်ပင်လျှင် ၈၀၀၀၀/- ကျပ်မှ ၂၀၀၀၀၀/-ကျပ် အထိဈေးကောင်းများရရှိခြင်းကြောင့် ထောပတ်စိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း ထောပတ်စိုက်ပျိုးတောင်သူဦးဉာဏ်မှ ပအိုဝ်းဘာသာဖြင့် ရှင်းလင်းပြောကြားချက်အရ သိရှိရသည်။
နန်းခမ်းခြူး(ဟိုပုံး)