နမ့်ခမ်း သြဂုတ် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ"လယ်တွင်းသား စောချစ်" ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတက်မှ" စာအုပ်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီမောင်ဘဦး က ကိုဗစ်-၁၉ရောဂါဖြစ်ပွားသည့်ကာလတွင် စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားပြီး "ပန်းလိုချင် အပင်ကိုပျိုးတက်မှ" စာအုပ်တွင်ရေးသားပါရှိသည့် "ကလေးဖတ်စရာ ကလေးစာ" ခေါင်းစဉ် ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ဆက်လက်ပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများ အသင်းဝင်၊ ရပ်ကွက် လူမှုရေး ပရဟိတလုပ်ငန်းဦးဆောင်သူ ဦးဇော်မင်းထိုက်က " ကလေးနှင့် ပတ်ဝန်းကျင်" ခေါင်းစဉ်ဖြင့် အချက်အလက်များနှင့် မိမိကိုယ်တွေ့ အဖြစ်အပျက်များကို ပေါင်းစပ် ဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်၊ စာပေချစ်မြတ်နိုးသူ အသင်းသားတို့က ဆွေးနွေးချက်အပေါ် သိရှိလိုသည်များ၊ ဖြည့်စွက်ဆွေးနွေးလိုသည်များနှင့် စာအုပ်တွင် ရေးသားသည့် သတိပြုဆင်ချင်ရန် အချက်များကို အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့ပေါ်ရပ်ကွက်မှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များ၊ အမှတ်(၉)ရပ်ကွက်မှ လူမှုရေးပရဟိတလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ရပ်ကွက်လူငယ်များ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)