ကျေးသီးမြို့၌ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းနိုင်ရေးဆွေးနွေး

ကျေးသီး  ဩဂုတ်  ၁၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊  ကျေးသီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ၊ မြို့နယ်အတွင်းသြဇာတိက္ကမ ရှိသူများ တွေ့ဆုံ၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်မိတ်ဆက်ခြင်း နှင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းရခြင်းနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ က သိရှိလိုသောအချက်များကို မေးမြန်းရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အတွင်းရေးမှူး တို့ကပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ၊မြို့နယ်အတွင်းရှိ ရွေးကောက် ပွဲဝင်ရောက် သည့်နိုင်ငံရေး ပါတီများနှင့်တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ကိုယ်စားလှယ် (၁)ဦးစီ ၊မြို့နယ်အတွင်းရှိ ဩဇာတိက္ကမ ရှိသူ(၅)ဦး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူးတို့နှင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရှိရသည်။

သဲစုပိုင်(ပြန်/ဆက်)