မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား  ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒ ရှင်စာရင်းများ ရရှိနိုင်ရန်အတွက် မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကင်ရောတန်ဂွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ရာတွင် မူလမဲစာရင်း ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်သည့် အရေအတွက်နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန်နှင့် မဲဆန္ဒရှင်စာရင်းများအား သတ်မှတ်ရက်များတွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိန်ဝင်း(ပြန်/ဆက်)