ပင်လောင်းမြို့နယ်၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများဆွေးနွေး

 

ပင်လောင်း    ဩဂုတ်    ၁၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အဆင်ပြေ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေး ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ၊ ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လုပ်ငန်းများညှိနှိုင်းဆွေးနွေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများတွင် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ တစ်ခု တည်း၏ အားဖြင့် ဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ ဌာနဆိုင်များ၊ ပြည်သူများကလည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင် က ရှေ့ဆက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ဘဏ္ဍာငွေခွဲဝေ သုံးစွဲ ရာတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ အား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်