မရမ်းကုန်းမြို့နယ်တွင် အသက် ၆ လမှ ၅နှစ်အထိကလေးများအား ဗီတာမင်အေနှင့် သံချဆေးများ ဆက်လက် တိုက်ကျွေးပေး

မရမ်းကုန်း သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်တွင် အသက် ၆ လမှ  ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးပြီး၊ အသက်  ၂ နှစ်မှ ၅ နှစ်အထိကလေးငယ်များအား သံချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ရပ်ကွက်များ အတွင်းအလှည့်ကျဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကလေးငယ်များအား သံဓါတ်အားဆေးနှင့် သံချဆေးတိုက်ကျွေးခြင်းတို့ကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း တို့ကလည်း လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)