ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက Physical Fitness Dance လှုပ်ရှားမှု ဆောင်ရွက်

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသည် အားကစားလုပ်ငန်းများကို လူထုအားကစားအသွင်ဖြင့် စည်းရုံးလှုံဆော်ဆောင်ရွက်လျက်ရှိရာ ကိုယ်လက်လှုပ် ရှားဆေးတစ်ပါး” Exercise is Medicine အစီအစဉ်အရ Physical Fitness Dance လှုပ်ရှားမှုတစ်ရပ်ကို ဌာနဆိုင်ရာများ ကျောင်းသား၊ ကျောင်းသူများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဦးစီးအရာရှိ ဒေါ်ခိုင်ကျော့ကျော့ဝေက ကျောင်းသား၊‌ ကျောင်းသူကလေးများအား Physical Fitness Dance ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့ ညနေ () နာရီအချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သဲဝါ(ပြန်/ဆက်)