လမ်းမတော် သြဂုတ် ၁၈
လမ်းမတော်မြို့နယ်အတွင်း ရပ်ကွက်(၁၃)ရပ်ကွက်ရှိ ရွေးကေက်ပွဲကော်မရှင်ရုံးများမှ ပုံစံ(၃) ၊ ပုံစံ (၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထား လာမှုများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များသည် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများကို ယမန်နေ့မှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများမှ တင်ပြလျှောက်ထားလာသော အမည်စာရင်း ထည့်သွင်း ပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၄၇၇)ဦး၊ မဲစာရင်းနှင့်စပ်လျဉ်းသည့် ကန့်ကွက်လွှာ ပုံစံ(၄)ဖြင့် လျှောက်ထားသူ(၅၁၄)ဦး၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ (၈၂၉)ဦးရှိရာ မဲစာရင်းတွင် ကွန်ပျူတာဖြင့် ထည့်သွင်းခြင်း၊ ပယ်ဖျတ်ခြင်း လုပ်ငန်းများကို သြဂုတ် ၁၇ ရက်နေ့မှ သြဂုတ်၃၁ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့နယ်ရွေးကောက်ပွဲအဖွဲ့ ကော်မရှင်ရုံးမှ သိရသည်။
မအေးမဥ္ဇူ (လမ်းမတော် ပြန်/ဆက်)