ဖျာပုံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ အသစ်ဖွဲ့စည်း

ဖျာပုံ  သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီအသစ် ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၁ နာရီတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် ပြုလုပ်သည်။

အဆိုပါမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီအသစ် ဖွဲ့စည်းရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မူမူရွှေက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မီဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအသစ် ဖွဲ့စည်းခြင်း နှင့်မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ကော်မတီ၏ လုပ်ငန်းတာဝန်များကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်း ကော်မတီအသစ် ဖွဲ့စည်းရာ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီ အသစ်ဖွဲ့စည်းခြင်းသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)