ကျိုက်လတ်တွင် စပါးခင်းများအတွင်း ငါးခုံးမကြီးကောင်ရေ (၁၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်

ကျိုက်လတ်  ဩဂုတ်  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် နာရီက တပေတတမော့ ကျေးရွာ၌ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။

ငါးမျိုးစိုက်ထည့်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ၊ တောင်သူများက ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်၊ ငါးမျိုးပြုန်းတီးမှု မရှိစေရန် ရည်ရွယ်၍ ငါးခုံးမကြီးကောင်ရေ (၁၅၀၀၀၀)ကောင်ကို စပါးခင်းများ အတွင်းသို့ စုပေါင်းစိုက်ထည့် ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)