ဖလမ်း အောက်တိုဘာ ၂၀
လူငယ်များကျန်းမာ ကြံ့ခိုင်ရေးနှင့်အားကစား၌ ထူးချွန်သည့်လူငယ်များ ဖြစ်လာစေရေး ရည်ရွယ်လျက် ဖလမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက် နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပခဲ့ရာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမာန်မနားက ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲမစတင်မီ အားကစားအဖွဲ့ဝင်များအား ပြိုင်ပွဲ စည်းမျဉ်းများကို ရှင်းလင်းခဲ့သည်။
အဆိုပါစားပွဲတင်တင်းနစ်ပြိုင်ပွဲကို အသင်းလိုက်ယှဉ်ပြိုင်စေပြီး ဆုရရှိသူများအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုရှိန်း