လွိုင်လင် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း ၅၀ ဧကရှိရာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်း ဦးဆောင်ကာ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မြန်မာ့ဩဘာ Drone အဖွဲ့နှင့်ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် အမှတ်(၁) ရပ်ကွက်ရှိ ဦးတေဇပိုင်လယ်မြေ(၂.၅)ဧကနှင့် အမှတ်(၄)ရပ်ကွက်ရှိ ဦးခမ်းဆာ ပိုင်လယ်မြေ (၂.၅)ဧကအတွင်းရှိ မိုးစပါး မျိုးစေ့ ထုတ်စိုက်ခင်း ၅ ဧကအား Drone ဖြင့် မိုသတ်ဆေးနှင့် ရွက်ဖြန်းမြေဩဇာဖျန်းခြင်း လုပ်ငန်း ဆောင် ရွက်ခဲ့သည်။ ကျန်ရှိသော မျိုးစေ့ထုတ်စိုက်ခင်းများအားလည်း မြေဩဇာဖျန်းခြင်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းသန့် (ပြန်/ဆက်)