ပိုင်ကျုံမြို့အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်

ပိုင်ကျုံ  ဩဂုတ်  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများ စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားလျက်ရှိသော အထက်တန်းကျောင်းများနည်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်‌ရေးအတွက် ဆန်းစစ်ချက်အချက်ပေါင်း (၈၀) ပြည့်မီမှု ရှိ/မရှိ စစ်ဆေးပြီး ပြည့်မီမှုရှိမှသာဖွင့်လှစ်သင်ကြားနိုင်မည်ဖြစ်ရာ ပိုင်ကျုံမြို့အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများအနေဖြင့် ဆန်းစစ်ချက်များနှင့်အညီ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါအလယ်တန်းကျောင်းများဖွင့်လှစ်ပြီး (၂) ပတ်အကြာတွင် အခြေခံပညာမူလတန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 

ပိုင်ကျုံမြို့တွင် အ‌ခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်း ပေါင်း (၁၁၉) ကျောင်းရှိပြီး အခြေခံပညာ အထက်တန်းကျောင်းများမှာ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)