ကျိုက်မ​ရောမြို့နယ်ရှိ​ကျေးရွာ ​၁၃ ရွာအတွက် ​ကျေးရွာမတည်ရန်ပုံ​ငွေ စီမံကိန်း(VRFP) ရန်ပုံ​ငွေလွှဲ​ပြောင်း​ပေးအပ်

ကျိုက်မ​ရော သြဂုတ် ၁၈

ကိုဗစ်-၁၉ စီးပွား​ရေးကုစားမှုအစီအစဉ်အရ မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်အတွင်းရှိ​ ကျေးရွာ​​ ၁၃ရွာ တွင်​ဆောင်ရွက်မည့်​ ကျေးရွာမတည်​ရန်ပုံ​ငွေစီမံကိန်း(VRFP)ရန်ပုံ​ငွေလွှဲ ​ပြောင်း​ပေးအပ်ပွဲကို ယ​နေ့နံနက်၁၀နာရီ က မြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ်​ဒေါ်ခင်မျိုးမြင့်က အဖွင့်အမှာ စကား​ပြောကြားပြီး မွန်ပြည်နယ် ​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုး​မောင်က ​ကျေးရွာမတည်ရန်ပုံ​ငွေစီမံကိန်း ​ဆောင်ရွက်​ပေးရခြင်းမှာ ​ကျေးလက်​နေပြည်သူများ လုပ်ကွက်ငယ်​တောင်သူများ စိုက်ပျိုး​မွေးမြူ ထုတ်လုပ်သူများနှင့် အ​သေးစား စီးပွား​ရေး လုပ်ကိုင်သူများအတွက် လိုအပ်​သော ငွေကြေးအရင်းအနှီးများ ရရှိနိုင်​စေရန်၊ ရရှိ​သော​ ငွေ​ကြေးအရင်းအနှီးဖြင့် မိသားစုဝင်​ငွေတိုးပွား​ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်​စေရန် ရည်ရွယ်ချက်ဖြင့်​ ဆောင်ရွက်​ပေးခြင်းဖြစ်​ကြောင်း​ ပြောကြားခဲ့သည်။

ထို့​နောက် ကျိုက်မ​ရောမြို့နယ်အတွင်း စီမံကိန်း​​​ဆောင်ရွက်မည့်​ ကျေးရွာ ၁၃ ရွာ အတွက် ​ငွေကျပ်သိန်း ၂၉၀၀ ကို သက်ဆိုင်ရာ ​ကျေးရွာစီမံကိန်း ​ကော်မတီဝင်များထံသို့ လက်ဝယ်အ​ရောက် လွှဲ​ပြောင်း​ပေးအပ်ခဲ့​ကြောင်း သိရ သည်။

ချိုချို(ပြန်/ဆက်)