တနိုင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

တနိုင်း အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာဆရာမများနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကပ်ဘေးတို့မှ ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မူဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဝင်များ၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုပေါင်း၍ ကျောင်းဝင်းအတွင်း ခြံစည်းရိုးပေါ်ရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး လာရောက် ကြည့်ရှုကာ ကျောင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား နိုင်ရေးနှင့် ကျောင်း၏ ဥပဓိရုပ်ကောင်းမွန်စေအတွက် ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)