ငါ့သရောက်မြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိ

ငါ့သရောက် နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် နိုဝင်ဘာ(၁)ရက်နေ့မှ စ၍ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ထားရှိပြီး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း  ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း လျှော့နည်း ကျဆင်းလာပြီဖြစ်ရာ၊ အနာဂတ်လူငယ်များ ပညာရေးအခွင့်အလန်းများ မဆုံးရှုံးစေ ရေးအတွက်၊ နိုင်ငံတော်အစိုးရမှ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို၊ နိုဝင်ဘာလ (၁) ရက်နေ့မှ စ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ၊ ငါ့သရောက်မြို့တွင်လည်း အခြေခံပညာကျောင်းအသီး သီးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ဖွင့်လှစ်နေခြင်းဖြစ် ကြောင်းသိရသည်။

ငါ့သရောက်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးကြပြီဖြစ်သည့် အပြင်၊ ကျောင်းများအားလုံးကို စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြင်ဆင် ထားရှိပြီးဖြစ်ကြောင်းနှင့် လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာများ အားလုံး အစဉ်ပြေ အောင် စီစဉ်ထားရှိပါကြောင်း ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

ဖြိုးဝေအောင် (ငါ့သရောက်)