လှိုင်သာယာ(အ‌နောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)မထိုးနှံရ‌ သေးသော ပြည်သူများအား ဆက်လက်ထိုးနှံပေး

လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ  ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယနေ့နံနက် ၈ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ဦးစားပေးအုပ်စုများအတိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ၉ရက်နေ့တွင် အမှတ်(၁၂)ရပ်ကွက်ရှိ ပင်မဒေသန္တရနှင့် အမှတ်(၁၀)ရပ်ကွက်ရှိ အောင်ရတနာဓမ္မရုံစုရပ်(၂)၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၁၁၀၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးစိုးဝင်နိုင် ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသွားအလာ အဆင်ပြေချောမွေ့စေခြင်း တို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(ပြန်/ဆက်)