မချမ်းဘော့တွင် ဈေးရောင်းဈေး၀ယ်သူများနှင့် လမ်းသွား/လာသူများအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ RDT Tesk kitဖြင့် စစ်ဆေး

မချမ်းဘော့ နို၀င်ဘာ ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိကို ဈေးရောင်း ဈေး၀ယ်သူများနှင့် လမ်းသွား လမ်းလာသူများအား RDT Tesk kit ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၆နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်၀င်းနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများက ပူးပေါင်း‌ဆောင်ရွက်ခဲ့ပြီး မြို့မ‌ဈေးအတွင်း ဈေးရောင်း၊ ဈေး၀ယ်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ စုစုပေါင်း(၁၂၂)ဦးအား‌ ကိုဗစ်-၁၉

ရောဂါပိုး ရှိ/မရှိ Tesk kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ(၁)ဦးတွေ့ရှိပြီး အဆိုပါပိုးတွေ့လူနာအား မချမ်းဘော့မြို့ရှိ Positive Centre သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ထိုးနှံခြင်းများကို ပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝေယံမင်းသွင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)