အင်္ဂပူ ဩဂုတ် ၂၀
အင်္ဂပူမြို့နယ်၊ ညောင်ပင်တဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို အင်္ဂပူမြို့နယ်၊ ညောင်ပင်တဲကျေးရွာအုပ်စု၊ ညောင်ပင်ကြီးစုကျေးရွာ၊ ကံကြိုးကျေးရွာ၊ ရှောက်ခုံကျေးရွာ၊ ကြီးတောငူကျေးရွာ၊ တာချောင်ကျေးရွာ၊ စားကျက်ကုန်းကျေးရွာ၊ အုန်းပင်စုကျေးရွာနှင့် ညောင်ပင်တဲကျေးရွာများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သည့်တားမြစ်မိန့်နှင့် ညွှန်ကြား ချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများ အန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေး အန္တရာယ်များအား အသိပညာပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကိုလည်းကောင်း အများပြည်သူများ သိရှိလိုက်နာနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)