မြင်းမူ ဩဂုတ် ၂၀
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အပြည့်အဝ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးနိုင်သူပြည်သူများ မကျန်ရှိစေရေးအတွက် သတ်မှတ်ထားသည့် ပုံစံများဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြင်ဆင်မှုအပိုင်းတွင် (ယနေ့)ဩဂုတ်လ(၂၀)ရက်နေ့ထိ မဲဆန္ဒရှင်အမည်စာရင်းပါဝင်မှုမရှိ၍ ပုံစံ (၃)ဖြင့် လျှောက် ထားသူ (၁၂၃၇) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူအား ပယ်ဖျက်ပေးရန် ပုံစံ(၄)ဖြင့်လျှောက် ထားသူ(၉၆၂)ဦးနှင့် ကိုယ်ရေးအချက်အလက် မှားယွင်းမှုအတွက် ပုံစံ(၄-ဂ)ဖြင့်လျှောက်ထားသူ (၆၇၃၁) ဦး စုစုပေါင်း (၈၉၃၀) ဦး ရှိကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်မှုအတွက် ယခုအခါ (၉၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း၊ မြို့နယ်ရွေးကောင်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်ထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီးတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင် အမည်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့ကစတင် ကပ်ထားပေးရာ မဲပေးနိုင်သူဦးရေ(၉၃၉၁၁) ဦးရှိကြောင်းသိ ရှိရသည်။
အောင်စိုးဖေ(မြင်းမူ)