ရေနံချောင်း ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူငယ်ရေးရာကော်မတီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း၊ လက်အိတ်နှင့် လက်သန့် ဆေးရည်ဗူးများလှူဒါန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်/ဆက်ရုံး၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အသုံးပြုနိုင်ရန်အတွက် နှားခေါင်းစည်း ၁၀၀ ခု၊ လက်အိတ် ၁၀၀ ခုနှင့် လက်သန့်ဆေးရည်ဗူး ၂ ဗူးတို့ကို ရေနံချောင်းမြို့နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုစိုးသူက ပေးအပ်ရာလှူဒါန်းရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်နန္ဒာလှိုင်နှင့် ဝန်ထမ်းများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ကိုစိုးကြီး