သံဖြူဇရပ်မြို့တွင် စာရေးဆရာလယ်တွင်းသားစောချစ်၏ " ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

သံဖြူဇရပ် သြဂုတ်   ၂၀

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင်   စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့်  ပြန်ကြားရေးနှင့်

ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍   စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့်

"ပန်းလိုချင်အပင်ကိုပျိုးတတ်မှ "   စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့

နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ   မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယု (နန္ဒာမောင်)က အဖွင့်အမှာစကား

ပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူး က စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ပြောကြားသည်။

ဆက်လက်၍   စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့်"ပန်းလိုချင်အပင်ကိုပျိုး

တတ်မှ" စာအုပ်ပါ   အကြောင်းအရာ များကို ဦးစံသောင်း (မြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ)

ဦးမင်းကျော်ဝင်း(မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး))၊ ဦးကျင်ဟုတ်(ရွှေပန်းချီ) တို့မှပါဝင်ဆွေး

နွေးခဲ့ကြပြီး တက်ရောက်လာကြသည့်စာပေဝါသနာရှင်များမှ စာအုပ်ပါအကြောင်းအရာ များကိုပြန်လည်

မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

အေးအေးသီ