ရေး ဩဂုတ် ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အတွင်းရေးမှူး ဒေါ်အေးအေးမော်က ရေးမြို့နယ် တွင် မိခင်ဝိုင်း(၃)ဝိုင်းဆောင်ရွက်နိုင်ခဲ့ပြီး မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်က ကလေးသူငယ်အမှု ၄၀ မှု၊ ၂၀၂၀ ခုနှစ် အတွင်း ၂၀ မှုဖြစ်ရာ ရေးမြို့နယ်က ၈ မှုဖြစ်ပြီး ၂ မှုမှာ သက်ငယ်မုဒိမ်းမှုဖြစ်ကြောင်း၊ ကော်မတီ ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဌာနဆိုင်ရာများမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)