ကျိုက်မရောမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းချက်များနှင့်အညီ ​ရောင်းချခြင်း မရှိသည့် စျေးဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှ လိုက်လံစစ်​ဆေး

ကျိုက် မ​ရော သြ ဂုတ် ၂၀

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်းသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ရောင်းချ ခြင်းမရှိသည့်ဆိုင်များအား ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှ ယ​​နေ့နံနက် ၉ နာရီမှစတင်ကာ မြို့​ပေါ်ရပ်ကွက်များ​ရှိထမင်းဆိုင်၊ စား​သောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်၊ ကုန်ဆုံဆိုင်များအား​ရှောင်တခင်လိုက်လံစစ်​ဆေးခဲ့ကြ​ကြောင်းသိရသည်။

ထိုသို့စစ်​ဆေးရာတွင် စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ​တွင်ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီလက်​ဆေးရန် ​ဘေစင်များရှိမရှိ/စား​သုံးသူနှင့်စား​သောက်ဆိုင်ပိုင်ရှင်များပါ နှာ​ခေါင်းစည်း တပ်ဆင် ထားခြင်း ရှိမရှိ၊ တစ်ဦးနှင့် တစ်ဦး ၃​ပေအကွာတွင် ထားရှိခြင်းရှိ/မရှိနှင့် လက်သန့်​ဆေးများထားရှိခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာပူး​ပေါင်းအဖွဲ့များမှ လိုက်လံစစ်​ဆေးခဲ့ကြပြီး ညွှန်ကြားချက်များနှင့်လုပ်​ဆောင်မှုမရှိသည့် ဆိုင်ပိုင်ရှင်များအား ပထမအကြိမ် ဝန်ခံကတိလက်မှတ်​ရေးထိုး​စေခြင်းများကို ​ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြ​ကြောင်းသိရသည်။     

 ချိုမြတ်မြတ်​ထွေး(ပြန်/ဆက်)