မြောင် ဩဂုတ် ၂၀
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်၊ (၁၀)နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးတင်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးအယ်လ်တူးရိန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ငါး လုပ်ငန်း ဦးစီးဌာနဦးစီးမှူးဦးအောင်မိုးက သင်တန်းတက်ရောက်သူများအား သင်ထောက် ကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းသို့ အထက်မြန်မာပြည်ငါးလုပ်ငန်းသင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးဒေါ်သန္တာမင်းနှင့် မြောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးဦးအောင်မိုးတို့က သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ(၂၇)ဦးရှိကာ သင်တန်းကာလမှာ သြဂုတ် ၂၀ ရက်နေ့မှ ၂၁ ရက်နေ့ထိ ဖြစ်ကြောင်းသိရှိရသည်။
တင်ကိုကို(မြောင်ပြန်/ဆက်)