ဆွမ်ပရာဘွမ် ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင်သံလုံးပစ် (ကျား)ပြိုင်ပွဲ၊ သံလုံးပစ်(မ)ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ KGအဆင့်ကလေးငယ်များ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကျားမီတာ ၁ဝဝ အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ပန်းကန်ပြားခေါင်းရွက်ပြိုင်ပွဲများ ကျင်းပကာ ပြိုင်ပွဲဝင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုများအသီးသီးပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘပြည်သူများ ကြည့်ရှု အားပေးပါဝင်ခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)