ပြင်စလူမြို့တွင် ခရီးသွားပြည်သူများအား (RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်

ပြင်စလူမြို့    ဖေဖော်ဝါရီ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့နယ် အတွင်း ခရီးသွားပြည်သူများအား (RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြင်စလူမြို့၊ ကမ်းနားလမ်းရှိ ကုန်တင်ကုန်ချ ဆိပ်ကမ်း ကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ(RTD) Test Kits  ဖြင့်စစ်ဆေးရာတွင် ပြင်စလူမြို့၊မြို့အုပ်ချုပ်ရေးမှူးဦးရဲဝင့်ထွန်း ဦးဆောင်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊နယ်မြေရဲစခန်း၊ မီးသတ် ဦးစီးဌာန၊ မြို့စည်ပင် သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လပွတ္တာမှ ပြင်စလူမြို့သို့ ရေယာဉ်ဖြင့် ရောက်ရှိလာသည့် ခရီးသွားပြည်သူများ၊ ရေယာဉ်တွင်လိုက်ပါ ဆောင်ရွက်နေသည့် ရေယာဥ်မောင်းနှင့် လုပ်သားများ၊  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ(RTD)Test Kitsဖြင့်အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆိပ်ကမ်းစျေးရောင်း၊ စျေးဝယ်များအား (Mask) များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြင်စလူမြို့ ကျန်းမာရေးဦးစီးဌာနက ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသည့် ကတ်ပြားများကိုင်ဆောင်၍ ပြင်စလူမြို့ပေါ်သို့ တက်ရောက်ကြရန်နှင့်ကတ်ပြားများ ပြသနိုင်ခြင်း မရှိပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှု ခံယူပြီးမှသာ တက်ရောက်ကြရမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားကြောင်းသိရသည်။

ဇော်ဝင်းထွန်း (ပြန်/ဆက်)