မန်ကန်မြို့၌ စည်ပင်သာယာရေးဌာနမှ ရုံးပေါင်းစုံလမ်း ကွန်ကရစ်ခင်းနေမှုအခြေအနေများ ကွင်းဆင်း စစ်ဆေး

မန်ကန် မတ် ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းလုပ်ငန်း၊ ခွင့်ပြုငွေမှ မန်ကန်မြို့၊ ရုံးပေါင်းစုံလမ်း(၂၀၀'×၁၂'×၈")ပေ ကွန်ကရစ် ခင်းကျင်းခြင်း ၉၀ ရာခိုင်နှုန်းပြီးစီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းကျင်းရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(လားရှိုး)၊ ကွပ်ကဲမှု အောက်ရှိ မြို့နယ်/မြို့နယ်ခွဲစည်ပင်သာယာရေးဌာနများ၏ (၂၀၂၁ -၂၀၂၂)ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ (၃)လပတ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်း(၅၄)ခု ခွင့်ပြုငွေကျပ် (၃၁၉.၁၁၂) သန်း အနက်မှ မန်ကန်မြို့ ရုံးပေါင်းစုံလမ်း (၂၀၀'×၁၂'×၈")ပေ ကွန်ကရစ်ခင်းကျင်းမှုတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ရာ   လုပ်ငန်း၏ (၉၀)ရာခိုင်နှုန်းပြီးစီးမှုကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်ကန် (ပြန်/ဆက်)