ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ပထမအကြိမ်ထိုးနှံပေး

ပြင်စလူ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ပထမအကြိမ်  ဆေးထိုးစုရပ် ဖြစ်သည့် ပြင်စလူမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပြင်စလူမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် ပြင်စလူမြို့၊ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိသည်။

ပြည်သူများသို့ ထိုးနှံပေးသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် (Kovichi) အမျိုးအစားဖြစ်သည်။ ဆေးတစ်လုံးလျင် (၁၁)ဦး ထိုးနှံပေးပြီး အသက်(၁၈)နှစ်နှင့်အထက် မြို့ပေါ် ရပ်ကွက်အတွင်းနှင့်  ကျေးရွာအုပ်စုများမှ ပြည်သူ စုစုပေါင်း လူဦးရေ(၁၁၀၀)ဦးအတွက်   ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြင်စလူ (ပြန်/ဆက်)