ဂွ မတ် ၉
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဂွ မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာနအဖြစ် အ.ထ.က(ဂွ)၊ အ.ထ.က-ကျိန္တလီ၊ အ.ထ.က (ဆပ်သွား) စသည်ဖြင့် စာစစ်ဌာန(၃)ခု သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းတွင်းဖြေ- ကျား(၂၁၇)ဦး၊ မ(၂၆၇)ဦး၊ စုစုပေါင်း(၄၈၄)ဦးနှင့် ပြင်ပဖြေ- ကျား(၁၄၃)ဦး၊ မ(၁၄၂)ဦး၊ စုစုပေါင်း (၂၈၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၆၉ ဦးတို့မှ သက်ဆိုင်ရာ ဘာသာတွဲအလိုက် ဝင်ရောက် ဖြေဆိုသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများမှလည်း မြို့နယ် ပညာရေးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်