မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး လမ်းစည်းကမ်းနှင့် နွေရာသီမီးဘေး အန္တရာယ်ကာကွယ်ခြင်း အသိပေးဆောင်ရွက်

ကိုကိုကျွန်း မတ် ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုကျွန်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှ မိဘပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်သွားရန် ကိစ္စနှင့်ပက်သက်၍ ဆိုင်ကယ်များ မောင်းနှင်စီးနည်းသည့် အခါတိုင်းသတ်မှတ်ထားသော မိုင်နှုန်းအတိုင်းသာ မောင်းနှင်ရန်၊  ဆိုင်ကယ်စီးနင်းနေချိန်တွင် ဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်အိတ်ဇောများကိုလဲ ကျယ်လောင်စွာ တပ်ဆင်စီးနင်းခြင်း မပြုရဟု ကြေညာပေးခဲ့ကြောင်း သိရသည်။       

ထိုမှတဆင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိစေရန် နွေရာသီဖြစ်သည့်ကာလအတွင်း အမှိုက်များ မီးမရှို့မီ ရေပုံးများ ကြိုတင်ယူဆောင် ထားရန်၊ မိမိတို့နေအိမ်တွင် ထမင်ဟင်းချက်ပြီးတိုင်း မီးများကို ငြှိမ်းထားရန်၊ မိမိတို့အိမ်မှ အပြင်ထွက်လျှင် ဒါးမိန်းများချခဲ့ရန်၊ အိမ်၊ရုံးများ ပတ်ဝန်ကျင်ရှိ အမှိုက်များကို မီးရှို့ရာတွင် မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားရန်၊ အိမ်နှင့်ရုံးများတွင် မီးချိတ်၊ မီးကပ်များ၊ ရေအိတ်၊ သဲအိတ်များ ထားရှိသွားရန် အသိပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)