ပွင့်ဖြူမြို့နယ် လက်ပံချီပေါ်ကျေးရွာ၌ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး

ပွင့်ဖြူ     မတ်       ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်မော်နှင့် ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီအချိန်က ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာအုပ်စု၊ လက်ပံချီပေါ် ကျေးရွာသို့ သွားရောက်ပြီး ပဉ္စမ အကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ရှေးဦးစွာ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်မြင့်မြင့်မော်က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်း အားသာချက်၊ အားနည်းချက်များကို ချပြရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ကျေးရွာစီမံကိန်းဝင် အသင်းသားများက မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေး အတွက် ဆက်လက် အကောင်အထည်ဖော် ဆောင် ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူ ရေး လုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများနှင့် ပက်သက်ပြီး တင်ပြဆွေးနွေးရာ ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများက စီမံကိန်း ရန်ပုံငွေများ စနစ်တကျသုံးစွဲရေး၊ ငွေစာရင်း၊ ဇယား များပြုစု ထိန်းသိမ်း ထားရှိရေးနှင့် စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက် လုပ်ကိုင် ကြရန် ဆွေးနွေးပြောကြားပြီး  စီမံကိန်းဝင် အသင်းသား ၁၅၃ ဦး အတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ အတိုးအရင်း စုစုပေါင်းငွေကျပ် ၄၇၆ သိန်းအား စီမံကိန်းဝင်အသင်းသားများထံ လက်ဝယ် အရောက် ထုတ်ချေး ဆောင်ရွက် ပေးခဲ့ပြီး စီမံကိန်း တွင် လိုက်နာရမည့် စည်းကမ်းချက်များအား အလေးထား လိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )